မြန်မာနိုင်ငံကြက်ခြေနီအသင်း
ကျင့်ဝတ်စည်းကမ်း
၁။ နိဒါန်း
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူမှုပတ်ဝန်းကျင်တွင် ဘေးဒုက္ခများ နှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင်လည်းကောင်း၊ အေးချမ်းသာယာသည့် သာမာန် အခြေအနေများတွင်လည်းကောင်းယင်း ဘေးဒုက္ခများကို ကျော်လွှားလွန်မြောက်စေ လျက် ဘေးကင်းလုံခြုံသောမူလအခြေအနေကို ပြန်လည်ရောက်ရှိစေရန် စေတနာ့ လုပ်အားရှင်များဖြင့် အခြေပြုဖွဲ့စည်း ထားသော လူသားချင်းစာနာထောက်ထား သည့် အကူအညီများဆောင်ရွက်ပေးသည့် လူမှုဂရုဏာအဖွဲ့အစည်းဖြစ်သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် လူမှုပတ်ဝန်းကျင်အား အကူအညီများဆောင် ရွက်ပေးသည့်အခါ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ၏ အခြေခံမူ(၇)ချက်ကို အပြည့်အဝ လိုက်နာဆောင်ရွက်သည်။ ဤကျင့်ဝတ်စည်းကမ်းသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ဝန်ထမ်းများနှင့် စေတနာ့လုပ်အားရှင်များက ၄င်းတို့၏ တာဝန် များကိုထမ်းဆောင်ရာတွင်လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက်များ၊ ကြီးကြပ် သူများ၊ မိမိတို့ လက်အောက်ငယ်သားများ၊ အသင်းသို့ကုန်ပစ္စည်းများ နှင့်ဝန်ဆောင် မှုပေးသွင်းသူများ၊ အကျိုးခံစားခွင့်ရှိသူများနှင့် ပြည်သူလူထုများအား ဆက်ဆံရာ တွင် စံပြုပြုမူ နေထိုင်ရမည့်လမ်းညွှန်ဖြစ်သည်။
၂။ ကျင့်ဝတ်စည်းကမ်း၏နယ်ပယ်နှင့်ကျင့်သုံး
- ဤကျင့်ဝတ်စည်းကမ်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဝန်ထမ်းများ စေတနာ့လုပ်အားရှင်များနှင့် သက်ဆိုင်စေရမည်။
- ဝန်ထမ်းများနှင့် စေတနာ့လုပ်အားရှင်များသည် ဘေးဒုက္ခရောက်သူ များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ကိုယ်စားပြု၍ လူသားချင်း စာနာထောက်ထားသည့် အကူအညီများပေးအပ်သည့်အခါ ၄င်းတို့၏ အပြုအမူများနှင့်ဆောင်ရွက်များသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၏ ကျော်စောဂုဏ်သိက္ခာနှင့် အသင်းအပေါ် တိုက်ရိုက်သွယ်ဝိုက်၍ လည်းကောင်း အကျိုးသက်ရောက်သည်။
- မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျင့်ဝတ်စည်းကမ်း ဖောက်ဖျက်မှုကို တွေ့ရှိလျှင် သင့်လျော်သည့်ပုဂ္ဂိုလ်ထံသို့ တင်ပြရန်တာဝန်ရှိသည်။ (အကြံပြုတိုင်ကြားစားများ ဖြေရှင်းဆောင်ရွက် လုပ်ထုံးလုပ်နည်း အတိုင်းဆောင်ရွက်ရန်ဖြစ်သည်။ တင်ပြလာသည့် ဖြစ်ရပ်အခြေ အနေကို အသေအချာသုံးသပ်နှိုင်းဆချင့်ချိန်အကောင်းဆုံးဖြစ်အောင် စဉ်းစား ဆောင်ရွက်မည်ပေါ်ပေါက်ဖွယ်ရှိကျင့်ဝတ် စည်းကမ်းဖောက် ဖျက်မှုကို တင်ပြလာသည့်ဝန်ထမ်းနှင့် စေတနာ့လုပ်အားရှင်အပေါ် နည်းအမျိုးမျိုးဖြင့် လက်တုံ့ပြန်မှုကိုကာကွယ်ရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် လိုအပ်သည့်အဆင့်ဆင့်သော ဆောင်ရွက်မ ှုများကို ပြုလုပ်မည် ဖြစ်သည်။
- ဤကျင့်ဝတ်စည်းကမ်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ချုပ်ဆို သည့် အလုပ်ခန့်ထားခြင်းဆိုင်ရာ သဘောတူစာချုပ်၊ ဝန်ဆောင်မှု စာချုပ်၊ အတိုင်ပင်ခံစာချုပ် စသည့် ပဋိညာဉ်စာချုပ်များတွင် ခွဲခြားမရသည့် အစိတ်အပိုင်း တစ်ရပ်အဖြစ် အလိုအလျောက် ပါရှိရမည်။
- ဤကျင့်ဝတ်စည်းကမ်းအား ဖောက်ဖျက်မှုများကို ဝန်ထမ်း စည်းမျဉ်း များ (သို့မဟုတ်) စည်းကမ်းထိန်းသိမ်းမှု နည်းလမ်းများနှင့်အညီ သင့်လျော်သည့် စည်းကမ်းထိန်းသိမ်းဆောင်ရွက်မှုများဖြင့် အရေး ယူရမည်။
၃။ အဓိပ္ပါယ်ဖွင့်ဆိုချက်
- ‘ဝန်ထမ်း’ဟူသော စကားရပ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် အခြားအဖွဲ့အစည်းမှ ခေါ်ယူ ခန့်ထားသည့် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးဦး၊ ဝန်ထမ်းတစ်ဦးဦး၊ အလုပ် သင်ပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်သည့် လုပ်ငန်းများတွင် တစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊ အဖွဲ့လိုက်အနေအထား ဖြင့် ဖြစ်စေ လုပ်ကိုင်သည့်ပုဂ္ဂိုလ်များ (စေတနာ့လုပ်အားရှင်မှတပါး) လည်း ပါဝင်သည်။
- “အခြေခံမှုများ ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ အသင်းလှုပ်ရှားမှု၏ အခြေခံမူ(၇)ချက်ကို ဆိုလိုသည်။
- နေတနာ့လုပ်အားရှင်ဆိုသည်မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အပ်လာမည့် အကျိုးခံစားခွင့်တစ်စုံတစ်ရာကို မျှော်လင့်မထားဘဲ အသင်းအတွက် ရံဖန်ရံခါသော်လည်းကောင်း၊ ပုံမှန်အားဖြင့်သော် လည်းကောင်း ဆောင် ရွက်သည့် ပုဂ္ဂိုလ်ဖြစ်သည်။
၄။ ကျင့်ဝတ်စည်းကမ်း၏ အခြေခံမူများ
- အခြေခံမူများကို လေးစာခြင်း၊ ထောက်ခံခြင်း၊ မြှင့်တင်ခြင်းနှင့် တသွေ မတိမ်း လိုက်နာခြင်း။
- မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျော်စောထင်ရှားမှုနှင့် အသင်းပုံရိပ် ကို အစဉ်အမြဲ ကာကွယ်ခြင်း။
- မြန်မာနိုင်ငံကြက်ခြေနီအသင်း၏မူဝါများ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာခြင်း၊
- ကြက်ခြေနီနှင့်လခြမ်းနီလှုပ်ရှားမှု၏ အမှတ်တံဆိပ်များကို လေးစား လိုက်နာကာ တိုက်တွန်း အားပေးခြင်း၊
- မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် ပါဝင်လုပ်ကိုင်နေသူ တစ်ဦးအနေ ဖြင့် လုပ်ဆောင်ရန် မသင့်လျော်သည့် မည်သည့်အပြုအမူကိုမဆို ရှောင်ရှားခြင်း
၄. ၁ အခြေခံမူများ
ဤအခြေခံမူများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အခြားသော အဖွဲ့အစည်းများအကြား မတူကွဲပြားသည့် ခြားနားချက်ဖြစ်သည်။ မြန်မာ နိုင်ငံကြက်ခြေနီအသင်း၏ ဝန်ထမ်းများနှင့် စေတနာ့လုပ်အားရှင်များသည် အောက် ပါတို့ကို ဆောင်ရွက်ခြင်းဖြင့် ယင်းအခြေခံမူများကို လေးစားကြောင်း ထုတ်ဖော် ပြသရမည်
- မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အများပြည်သူအကျိုး ဆောင်ရွက် မှုများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် လူသားတိုင်း ၏ လူ့ဂုဏ်သိက္ခာကို အစဉ်အမြဲ မြှင့်တင်ပေးခြင်း။
- ခိုကိုးရာမဲ့နေသူများအား ၄င်းတို့၏လိုအပ်ချက်များအရ လည်းကောင်း၊ နိုင်ငံသား၊ လူမျိုး၊ ယဉ်ကျေးမှု၊ ကျား/မ၊ နှစ်သက်ရာလိင်နှင့်ဆက်ဆံခွင့် ရှိမှု၊ ဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်မှု၊ လူမှုရေးနောက်ခံအခြေ အနေမသန်စွမ်းမှု၊ မိသားစုအခြေအနေ၊ အိမ်ထောင် ရေးအခြေအနေ၊ အသက်အရွယ် (သို့အဟုတ်) နိုင်ငံရေးအယူအဆတို့အပေါ် ခွဲခြားမှု မပြုဘဲအခြေခံမူများနှင့်အညီ အကူအညီများပေးအပ်ခြင်း။
- စစ်မက်ဖြစ်ပွားမှုများတွင် ဘက်မလိုက်ခြင်း၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး (သို့မ ဟုတ်) သဘောတရား ရေးရာများနှင့်ပတ်သက်သည့် အငြင်းပွားဖွယ်ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်မှုမပြုခြင်း။
- ကြက်ခြေနီလခြမ်းလှုပ်ရှားများ၏ အခြေခံများနှင့် နိုင်ငံ၏ဥပဒေနှင့် အညီ အစဉ်အမြဲ လုပ်ကိုင်ဆောင်ခြင်း
၅။ ဝန်ထမ်းနှင့် စေတနာ့လုပ်အားများ ပြုလိုက်နာမည့်စည်းမျဉ်း
၅.၁ အထွေထွေလုပ်ဆောင်
မြန်မာနိုင်ငံကြက်ခြေနီအသင်းအား ကိုယ်စားပြုဆောင်ရွက်သည့်အခါ ဝန်ထမ်းနှင့် စေတနာ့လုပ်အားများသည် –
- လုပ်ငန်းလုပ်ကိုင်တွင် ရိုးသားတည်ကြည်နှင့်အတူ တရားမျှတနှင့် ထင်သာမြင်သာစွာ ဆောင်ရွက်မည်
- မြန်မာနိုင်ငံကြက်ခြေနီအသင်းဂုဏ်သတင်းထိန်းသိမ်းစောင့်ရှောက်ပြီး ယင်းဂုဏ်သတင်းပိုမိုထွန်းကာလာရေးကိုရည်မှန်းလုပ်ဆောင်မည်။
- မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ မူဝါဒနှင့် စည်းမျည်းစည်းကမ်းကို လေးစားလိုက်နာမည်။
- ပုဂ္ဂိုလ်ဆိုင်ရာလျှို့ဝှက်ချက်နှင့် လုပ်ငန်းလုပ်ဆောင်သူများသာ သိရှိခွင့် ရှိသည့်သတင်း အချက်အလက်များကို မပေါက်ကြားရန် အလေးထား စောင့်ထိန်းမည်။
- လုပ်ငန်းခွင်အတွင်း တရားမဝင်မူးယစ်ဆေးသုံးစွဲခြင်းနှင့် အရက်စာ သောက်စားမူးယစ်ခြင်းတို့ကို ရှောင်ရှား၍ မိမိတို့ ဆောင်ရွက်ရသည့် လုပ်ငန်းကို အကောင်းဆုံး လုပ်ဆောင်နိုင်ကြောင်းပြသရမည်။
- အသင်း၏ရန်ပုံငွေနှင့်ပစ္စည်းများကို ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ကျွမ်းကျင်လိမ္မာစွာ အဆင်ပြေအောင် စီမံဆောင် ရွက်ခြင်းဖြင့် တာဝန် ခံနိုင်ရမည်။
- မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စီးပွားရေးလုပ်ငန်းတစ်ခုခု၊ လုပ်ငန်း ကိစ္စတစ်ခုခု (သို့မဟုတ်) အရောင်းအဝယ် လုပ်ငန်း တစ်ခုခု ပြုလုပ်ရာ မှ (တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း) မမှန်ကန်သောနည်းလမ်းဖြင့် မိမိကိုယ်တိုင်အကျိုးအမြတ်ရယူခြင်း သော်လည်းကောင်း၊ အခြင်းတစ်ဦးတစ်ယောက်အား အကျိုးအမြတ် ရယူရန်ခွင့်ပြုခြင်းသော်လည်းကောင်းမပြုရ။ (စီမံခန့်ခွဲရေးအပိုင်းနှင့် ပူးပေါင်းကြံစည်ဆောင်ရွက်ခြင်း (သို့မဟုတ်)လုပ်ငန်းလုပ်ဖော်ကိုင်ဖက် တစ်ဦးဦးတို့အကြား ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည့် အကျိုးစီးပွားဆိုင် ရာ အငြင်းပွားမှုနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားရမည်။ (ဥပမာ- ယင်းဆက်ဆံမှုတွင် မိသားစုဆက်ဆံရေး ပါဝင်နေခြင်း (သို့မဟုတ်) ရှယ်ယာ ထည့်ဝင်ထားခြင်း)
- အခြားသူတစ်ဦးဦး၏ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားစေခြင်း၊ မလေး စားခြင်း၊ မိမိအထက် အကြီးအကဲ၏အမိန့်ကို မနာခံခြင်း၊ မရိုးမဖြောင့် ခြင်း၊ သိက္ခာချခြင်း၊ အနိုင်ကျင့်ခြင်း၊ အမြတ်ထုတ်ခြင်း၊ တရားဥပဒေ နှင့် ငြိစွန်းခြင်း (သို့မဟုတ်) လူမျိုးရေး မုန်းတီးစေခြင်းတို့ကို ဖြစ်စေသည့် အပြုအမူနှင့် ပြောဆိုသုံးနှုန်းခြင်းများကို ဆောင်ရွက်ခြင်း မပြုရ။
အောက်ပါတို့ကို ရှောင်ရှားရမည် –
- အကျိုးခံစားခွင့်ရှိသူများ၊ ကလေးသူငယ်များနှင့် မိမိ လက်အောက်ငယ် သားများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း။
- လိင်အရောင်းအဝယ်ပြုသည့် လိင်လုပ်သားများနှင့် လိင်မှုဆိုင်ရာ ဆက်ဆံခြင်း၊
- ကြက်ခြေနီအမှတ်တံဆိပ်ကို ထမင်ရည်ရွယ်၍ အလွဲသုံးစွဲခြင်း၊ .
- တံစိုးလက်ဆောင် လက်ခံရယူခြင်း၊
- မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်သာ သက်ဆိုင်သည့် လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်များ၊ အသင်းသို့ ကုန်ပစ္စည်းပေးသွင်းသူစာရင်းများ၊ အကျိုးခံစားခွင့်ရှိသူများ၊ စေတနာလုပ်အားရှင်များ၊ ဝန်ထမ်းများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ (ဤစာရင်းတွင် မပါဝင် သော်လည်းအသင်း၏အခြားသတင်းအချက်အလက်များ)ကို သက်ဆိုင် ရာခွင့်ပြုခွင့်ရှိသူ၏ ခွင့်ပြုချက်မရရှိဘဲ မည်သည့်ပုဂ္ဂိုလ်တစ်ဦးဦး ကိုဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ရပ်ကိုဖြစ်စေ တိုက်ရိုက်သော် လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဖော်ထုတ်ခြင်း၊
- မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ သတင်းအချက်အလက်၊ နည်းပညာ ဆိုင်ရာ ပစ္စည်းကိရိယာများကို အသုံးပြု၍ အင်တာနက်ကွန်ယက် အတွင်းရှိ မသင့်လျော်သည့် Website များ ရှာဖွေဖက်ရှုခြင်းနှင့် Website အတွင်းရှိ မသင့်လျော်သော သတင်းအချက်အလက်ဆိုင်ရာ နေရာများတွင် ရေးသားခြင်း၊ ဖတ်ရှုခြင်းတို့ကို ပြုလုပ်ခြင်းနှင့် ၄င်းလုပ်ဆောင်ချက် နှစ်ရပ်ကို တပြိုင်နက်ပြုလုပ်ခြင်း (သို့မဟုတ်) ယင်းလုပ်ဆောင်ချက်နှစ်ခုမှ တစ်ခုကိုပြုလုပ်ခြင်း၊ ကြက်ခြေနီ အသင်း ၏ အခြေခံမူများနှင့် မကိုက်ညီသောမူများ (သို့) ယုံကြည်ချက်များကို ထောက်ခံလာစေရန်လည်းကောင်း၊ တရားဥပဒေနှင့် မညီသော လုပ်ဆောင်မှုများကို လုပ်ဆောင်လာစေရန်လည်းကောင်း အားပေး အားမြှောက် ပြုသည့် Website များသို့ E-mail ပေးပို့ခြင်း (သို့မဟုတ်) အဆိုပါ Website များသည် လိင်ကိစ္စကို နှိုးဆွသည်၊ တစ်နည်းအားဖြင့် ညစ်ညမ်း Website များဖြစ်ခြင်း အခြားသော မသင့်လျော်သည့် Website များသို့ E-mail ပေးပို့ခြင်း။ (ဤစာရင်းတွင် မပါဝင်သော် လည်း ဤကဲ့သို့သော မလိုလားအပ်သည့် E-mail များပေးပို့ခြင်း)
- မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လက်ရှိဝန်ထမ်းနှင့် စေတနာလုပ် အားရှင်များသည် နိုင်ငံရေးပါတီ တစ်ခုခုတွင် ပါဝင်ရွေးချယ်မှုခံယူခြင်း။
၅. ၂ ကလေးသူငယ်များအား အကာအကွယ်ပေးမှုဆိုင်ရာ ကျင့်ဝတ် စည်းကမ်း
- ကလေးသူငယ်များအား လူမျိုး၊ အသားအရောင်၊ လိင်၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေး (သို့မဟုတ်) အခြားသော အယူအဆ၊ နိုင်ငံသားဖြစ်ခြင်း၊ ကိုယ်ကျင့်တရား (သို့မဟုတ်) အခြားသော အဆင့် အတန်းတို့ကို မူတည်ကာ ခွဲခြားခြင်းမပြုဘဲ အရေးတယူအလေးထား ပြုမူပြေား ဆက်ဆံရမည်။
- ကလေးသူငယ်များနှင့် ပြုမူပြောဆို ဆက်ဆံရာတွင် ၄င်းတို့နှင့် မသင့်လျော်သည့် ဘာသာစကားအသုံးအနှုန်း၊ အပြုအမူများကို မပြုလုပ်ရ၊ ညှင်းပန်းနှိပ်စက်မှုပြုလုပ်ခြင်း၊ ရုန်းရင်း ကြမ်းတမ်းသော စကားပြောကြားခြင်း၊ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်သော၊ ပြင်းထန်းစွာ နှိမ့်ချဆက်ဆံသော (သို့မဟုတ်)ယဉ်ကျေးမှုနှင့်မဆီလျော်သော ဘာသာ စကား၊ အပြုအမူ များကို ကလေးတို့အပေါ် ပြောဆိုပြုမူခြင်းမပြုရ။
- အသက် ၁၈နှစ်အောက် ကလေးသူငယ် တစ်ဦးတစ်ယောက် နှင့် အခကြေးငွေပေး၍ လိင်ဆက်ဆံမှုအပါအဝင် မည်သည့် အခြေအနေမျိုး တွင်မှ လိင်မှုဆိုင်ရာ ဆက်ဆံခြင်း (သို့မဟုတ်) ပြုမူခြင်းမပြုရ။
- ကလေးသူငယ်များ၏အနီးတစ်ဝိုက်တွင် အလုပ်လုပ်ကိုင် ရသည့်အချိန် တွင် ဖြစ်နိုင်ပါက အခြား အရွယ်ရောက်လူကြီး တစ်ရှိစေရမည်။
- အဖော်မပါသော ကလေးသူငယ်ထိခိုက်ဒဏ်ရာ ရခြင်း (၄င်းကိုယ်ခန္ဓာ အန္တရာယ်ကျရောက်နိုင်ခြင်းဟူသော အခြေအနေများလွဲ ၄င်းကလေး သူငယ်များအား မြန်မာကြက်ခြေနီဝန်ထမ်းနှင့် စေတနာ့လုပ်အားရှင် များ၏ နေအိမ်သို့ လာရောက်မပြုရ။
- မြန်မာနိုင်ငံကြက်ခြေနီလုပ်အားရှင်များသည် အုပ်ထိန်းသူမပါသော ကလေးများ၏ အနီးတွင် ကပ်၍မအိပ်ရ။ မဖြစ်မနေ အိပ်ရသည့် အခြေအနေတွင် အုပ်ထိန်းသူ၏ခွင့်ပြုချက်ကိုရယူပြီးမှသာ အိပ်ရမည်။ ဖြစ်နိုင်ပါက ထိုသို့အိပ်သည့်အခါ အခြားအရွယ်ရောက်ပြီးသူတစ်ဦး ရှိနေစေရမည်။
- မည်သည့် ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ သို့မဟုတ် ်ဗီဒီယိုနှင့် ဒီဂျစ်တယ်ကင်မရာများကိုမျှ ကလေးသူငယ်နှင့် သင့်လျော်မှု မရှိသည့်ကိစ္စရပ်များတွင် အသုံးမပြုရ။ ထိုသို့ ဆက်သွယ်ရေးနည်းလမ်း တစ်ရပ်ရပ်ကို အသုံးပြု၍ ကလေးသူငယ်များအပေါ် အမြတ်ထုတ်ခြင်း (သို့မဟုတ်) ညှင်းပန်းနှိပ်စက်ခြင်း (သို့မဟုတ်) ကလေးသူငယ်များ အပေါ် အမြတ်ထုတ်ယူနိုင်သည့် ပစ္စည်းကိရိယာများ ရရှိစေခြင်းတို့ကို မည်သည့်အခါမျှ မပြုလုပ်ရ။ (အောက်တွင် ဖော်ပြထားသည့် လုပ်ငန်း တွင် အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ကလေးသူငယ်များ၏ ရုပ်ပုံ၊ -ဓါတ်ပုံ စသည့်ပုံရိပ်များ အသုံးပြုခြင်းကို ကြည့်ပါရန်။)
- ကလေးသူငယ်များအား ရုပ်ပိုင်းဆိုင်ရာအရလည်းကောင်း၊ စိတ်ပိုင်း ဆိုင်ရာအရ လည်းကောင်း ထိခိုက်စေမည့် ပြစ်ဒါဏ်မျိုးမပေးရ။
- ကလေးသူငယ်တို့ကို ၄င်းတို့၏ အသက်အရွယ်အရ (သို့မဟုတ်) ဖွံ့ဖြိုးမှုအဆင့်အရ ပညာသင်ယူရမည့်အချိန်နှင့် အပန်းဖြေအနားယူ မှုများကို အဟန့်အတားဖြစ်စေသည့် (သို့မဟုတ်) ထိခိုဒါဏ်ရာရရှိ စေရန် အထင်အရှား အလားအလာရှိစေနိုင်သည့် အိမ်တွင်းအလုပ် (သို့မဟုတ်) အခြားသောအလုပ်အတွက် ငှားရမ်းစေခိုင်းခြင်း မပြုရ။
- ကလေးသူငယ်များအား အလုပ်ခိုင်းစေသည့်အခါ ကလေး သူငယ်များ ဆိုင်ရာ အလုပ်သမားဥပဒေအပါအဝင် သက်ဆိုင်ရာဒေသက ပြဌာန်း ထားသည့် ဥပဒေများနှင့်အညီ ဆောင် ရွက်ရမည်။
၅.၂.၁ လုပ်ငန်းတွင် အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ကလေး သူငယ်များ၏ ရုပ်ပုံ၊ ဓါတ်ပုံ စသည့် ပုံရိပ်များကို အသုံးပြုခြင်း
- လုပ်ငန်းတွင် အသုံးပြုရန် ရည်ရွယ်ချက်များဖြင့် ကလေး သူငယ် တစ်ဦးအား ဓါတ်ပုံ ရိုက်သည့်အခါ (သို့မဟုတ်) ရုပ်ရှင် ရိုက်သည့်အခါ (သို့မဟုတ်) ကလေးသူငယ်များ၏ ရုပ်ပုံ၊ ဓါတ်ပုံစသည့် ပုံရိပ်များကို အသုံးပြုသည့်အခါ အောက်ပါအတိုင်း ဆောင်ရွက်ရမည် –
- ကလေးသူငယ်တစ်ဦးအား ဓါတ်ပုံရိုက်ကူးခြင်း (သို့မဟုတ်) ရုပ်ရှင် ရိုက်ကူးခြင်းမပြုမီ ဒေသဆိုင်ရာဓလေ့ထုံးတမ်းများနှင့် ကိုက်ညီရန် (သို့မဟုတ်) ကိုယ်ရေးရုပ်ပုံ၊ ဓါတ်ပုံစသည် ပုံရိပ်များအား ပြန်လည် ကူးယူခြင်းနှင့် ပတ်သက်၍ ချမှတ်ထားသည့် ကန့်သတ်ချက်များ နှင့် အညီဖြစ်စေရန် ချင့်ချိန်ကြိုးပမ်းဆောင်ရွက်ရမည်။
- ကလေးသူငယ်တစ်ဦးအား ဓါတ်ပုံရိုက်ကူးခြင်း (သို့မဟုတ်) ရုပ်ရှင် ရိုက်ကူးခြင်းမပြုမီ အဆိုပါ ကလေးသူငယ်နှင့် ၄င်း၏ မိဘ (သို့မဟုတ်) အုပ်ထိန်း သူတစ်ဦးဦးထံမှ အဆိုပါရိုက်ကူးခြင်းကို သိရှိ သဘောတူညီချက်ရရှိထားရမည်။ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏ ဝန်ထမ်းများနှင့် စေတနာလုပ်အားရှင်များသည် အဆိုပါ ကလေး၏ ဓါတ်ပုံ (သို့မဟုတ်) ရှပ်ရှင်ကားကို မည်သို့အသုံးပြုမည် ဖြစ်ကြောင်းကိုလည်း ၄င်းတို့အား တစ်ပါတည်း ရှင်းပြရမည်။
- ဓါတ်ပုံများ၊ ရုပ်ရှင်များ၊ ဗီဒီယိုများနှင့် တီဗီများတွင် ပါရှိသော ကလေးသူငယ်များ၏ပုံသည် တင့်တယ်သည့် အသွင်အပြင် ရှိရ မည်ဖြစ်ပြီး အားငယ်နေသော (သို့မဟုတ်) နိမ့်ကျနေသော အသွင် အပြင် မဖြစ်စေရ၊ ကလေးသူငယ်များကို အဝတ်အစား လုံလုံခြုံခြုံ ဝတ်စားစေပြီး လိင်စိတ်နှိုးဆွသည့် ရုပ်ပုံအဖြစ် ရှုမြင်နိုင်သည့် ကိုယ်ဟန်အနေအထား မဖြစ်စေရ။
- ကလေးသူငယ်များ၏ ရုပ်ပုံ၊ ဓါတ်ပုံစသည့် ပုံရိပ်များသည် ရိုက် ကူးသည့် အကြောင်းအရာ၊ အချက် အလက်များကို အမှန်အတိုင်း ကိုယ်စားပြုနိုင်သည့် ပုံရိပ်များဖြစ်ရမည်။
- ကလေးသူငယ်များ၏ ရုပ်ပုံ၊ ဓါတ်ပုံစသည့် ပုံရိပ်များကို အသွင် သဏ္ဍန်တစ်မျိုးမျိုး ပြု၍ အီလက် ထရောနစ်နည်းပညာဖြင့်ဖြစ်စေ (သို့မဟုတ်) ပုံနှိပ်ထုတ်ဝေခြင်းအားဖြင့်ဖြစ်စေ ပို့သည့်အခါ ယင်းတို့တွင် ဖော်ပြပါရှိသည့်ဖိုင်အမှတ်အသား၊ ပြောင်း လဲထား သည့် အချက်အလက် (သို့မဟုတ်) သရုပ်ဖော် ရေးသားချက်များ သည် အဆိုပါ ကလေးသူငယ်နှင့် ပတ်သက်သည့် သတင်း အချက်လက်များကို ဖော်ထုတ်ရာ မရောက်စေရ။
၅.၃ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဝန်ထမ်းများနှင့် စေတနာလုပ်အားရှင် များ၏ ရိုးသားတည်ကြည်မှု
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဝန်ထမ်းများနှင့် စေတနာလုပ်အားရှင် များသည်အစိုးရများဆိုင်ရာအာဏာပိုင်အဖွဲ့များဝန်ဆောင်မှုထောက်ပံ့များအလှူရှင်များအကျိုးခွင့်များ၊ /ကျေးရွာအခြားသော အဖွဲ့အစည်းများဤအဖွဲ့အစည်းအတွင်း အချင်းချင်း ဆက်ဆံသည့်အခါ အောက်ပါအတိုင်း ဆောင်ရွက်ရမည် –
- ယဉ်ကျေးပျူငှာစွာ၊ စာနာတတ်စွာနှင့် လေးစားစွာ ဆက်ဆံရမည်။
- လူတစ်ဦးချင်း၏ ကွဲပြားခြာနားမှုများကို တန်ဖိုးထားရမည်။ လူတစ်ဦး ချင်းတိုင်း၏ ဓလေ့ထုံးတမ်းများအလေ့အထများနှင့် ဘာသာရေး ယုံကြည်ကိုးကွယ်များ၏ ထိလွယ်ရှလွယ်မှုများကို ထည့်သွင်းစဉ်းစား မည်ပြီး သီးခြားတည်ရှိသည့် ယဉ်ကျေးဆိုင်ရာ အခြေအနေတစ်ရပ်နှင့် မသင့်လျော်သည့် မည်သည့်အပြုအမူမဆို ရှောင်ရှားရမည်။
- ယုတ်ရင်းကြမ်းတမ်းသော စကားပြောဆိုခြင်း၊ ညှင်းပန်းနှိပ်စက်သည်၊ ကိုယ်ကျိုးရှာအမြတ်ထုတ်သည် (သို့မဟုတ်) ဆက်ဆံသည်သည်ဟု ယူဆနိုင်သည့် အပြုအမူများကို ရှောင်ရှားရမည်။
- အခြားသူတစ်ဦးတစ်ယောက်၏ တာဝန်များ၊ ထောက်ပံ့မှုများ၊ အတွေ့ အကြုံများနှင့် ကျွမ်းကျင်မှုများကို အသိအမှတ်ပြုလေးစားရမည်။
- သီးခြားဂုဏ်ရည်ဖြင့် ရပ်တည်နေသည့် မည်သည့်အဖွဲ့ အစည်းများ၊ ဖြစ်ရပ်များ (သို့မဟုတ်) လူပုဂ္ဂိုလ်များနှင့် ပတ်သက်၍ ၄င်းတို့၏ တရားဝင်တာဝန်ယူဆောင်ရွက်မှုများနှင့် ဂုဏ်ရည်ကို ရည်ရွယ်ချက် ရှိရှိဖြင့် မှားယွင်းလုပ်ဆောင်မှု မပြုလုပ်ရ။
၅.၄ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ သတင်းအချက်အလက်များ၊ ရန်ပုံငွေများ နှင့် ပိုင်ဆိုင်မှုများအား ကာကွယ်စောင့်ရှောက်ခြင်း
- မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ သင်္ကေတအမှတ်အသားနှင့် ကိုယ်ပိုင် အမှတ်တံဆိပ်တို့ကို သုံးစွဲရာတွင် အသင်းက ပြဌာန်းထားသည့် မြန်မာ နိုင်ငံကြက်ခြေနီအသင်းအလံနှင့် ကိုယ်ပိုင်အမှတ်အသားတံဆိပ် သုံးစွဲ ခြင်းဆိုင်ရာ စည်းမျည်းပါ ပြဌာန်းချက်များနှင့်အညီသုံးစွဲပြီး ၄င်းတို့ကို အလွဲသုံးစား မပြုနိုင်ရန် တားဆီးရမည်။
- အသင်း၏ အတင်းအချက်အလက်များ၊ ရန်ပုံငွေများ၊ ပိုင်ဆိုင်မှုများ အား ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း၊ အလွဲသုံးစားပြုခြင်း၊ ဖြုန်းတီးခြင်းနှင့် ခိုးယူခံရခြင်းတို့မှ ကာကွယ်ရမည်။
- မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင် ရွက်သည့် အချိန်ကာလအတွင်းနှင့် ဆောင်ရွက်ချိန် ပြင်ပများတွင် လည်းကောင်း အသင်း၏ လုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုတော့ သည့်ကာလတွင်လည်းကောင်း အသင်း၏လျှို့ဝှက်ချက်ကို မပေါက် ကြားအောင် သင့်လျော်သကဲ့သို့ လေးစားထိန်းသိမ်းထားရမည်။
- မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်း များနှင့် ပတ်သက်သည့် ဒီဇိုင်းများ၊ ပုံကြမ်းများ၊ အချက်အလက်များ ကာတွန်းများ၊ ဓါတ်ပုံများ၊ ဗီဒီယိုများ၊ မြေပုံများ၊ ဗွီနိုင်းများ၊ အစီရင်ခံ စာများနှင့် အတွင်းရေးများ အပါအဝင် မည်သည့်သတင်းအချက် အလက်များကိုမဆို မိမိ၏အလုပ်တာဝန်အရသော်လည်းကောင်း၊ သီးခြားတာဝန် ပေးအပ်ခြင်းဖြင့် သော်လည်းကောင်းမရှိခဲ့လျှင် မီဒီယာ (သို့မဟုတ်) အခြားသော ပြင်ပအဖွဲ့အစည်းများကို ထုတ်ဖော်ခြင်း မရှိရ။ (ပြင်ပအဖွဲ့အစည်းများဆိုသည်မှာ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှတစ်ပါး အခြားသော အဖွဲ့အစည်းများကို ဆိုလိုသည်)
- မြန်မာနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူးက တာဝန် ပေးအပ်ခြင်းမရှိလျှင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စားပြု၍ မီဒီယာများနှင့် တွေ့ဆုံပြောကြားခွင့်မရှိ။
- မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဝန်ထမ်းများနှင့် စေတနာ လုပ်အား ရှင်များသည် အသင်း၏အတွင်းရေး သတင်းများ၊ ရန်ပုံငွေများ၊ ပိုင်ဆိုင်မှုများကို မိမိကိုယ်ကျိုးအတွက် မည်သည့်အခါမျှမသုံးစွဲရ။
- သူတပါး၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များနှင့် မိမိသာ သိရှိခွင့် ရှိသည့် သတင်းအချက်အလက်များကို မပေါက်ကြားစေရန် ထိန်းသိမ်း ထားရှိရမည်။
၆။ တာဝန်ယူမှု
- အသင်း၏ လူသားအရင်းအမြစ် စီမံခန့်ခွဲရေးဌာနသည် အသင်းတွင် တာဝန်ခံဆောင်ရွက်နေသူများအား အကြံပေးခြင်း၊ ဤကျင့်ဝတ် စည်းကမ်းကို ထိန်းသိမ်းခြင်း၊ စောင့်ကြည့်မှတ်သားခြင်း၊ ပြန်လည် သုံးသပ်ခြင်းနှင့် ဤကျင့်ဝတ်စည်းကမ်းပါပြဌာန်းချက်များကို ချွင်းချက် ဖြင့် ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ရန် တာဝန်ရှိသည်။
- မြန်မာနိုင်ငံကြက်ခြေနီအသင်း အမှုဆောင်ကော်မတီဝင်များနှင့် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် ဤကျင့်ဝတ်စည်းကမ်း နှင့်အညီ ကျင့်သုံးရန်နှင့် အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။
၇။ မူဝါဒရေးရာ ကြေညာချက်တွင် ပါဝင်သည့် ဆက်စပ်သည့် အထောက် အထားများ
- မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ပန်ထမ်းများနှင့် စေတနာလုပ်အား ရှင်အားလုံးသည် ဤကျင့်ဝတ်စည်းကမ်းကို လက်မှတ်ရေးထိုးရန် တာဝန်ရှိပြီး ဤကျင့်ဝတ်စည်းကမ်းတွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် ထည့်သွင်းပါရှိသည့် ဆက်စပ်မှုဝါဒများပါ ပြဌာန်းချက်များကို ကျွမ်းဝင် သိရှိနားလည်ပြီး လိုက်နာစောင့်ထိန်းရမည်။ ဆက်စပ်မူဝါဒများ ပါရှိ သော အထောက်အထားများမှာ အခြေခံမူ (၇)ချက်၊ လူငယ်မူဝါဒ၊ စေတနာလုပ်အားရှင်ဆိုင်ရာမူဝါဒ၊ လူသား အရင်းအမြစ်ဆိုင်ရာမူဝါဒ၊ ဂုဏ်သိက္ခာ ကာကွယ်မှုဆိုင်ရာမူဝါဒ၊ ပြန်ကြား ဆက်သွယ်ရေးဆိုင်ရာ မူဝါဒ၊ ရုတ်တရက် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်မှ လွန်မြောက်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များက လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်စည်းကမ်း၊ ညှင်းပန်း နှိပ်စက်မှု ဆန့်ကျင်ရေး လမ်းညွှန်ချက်များနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ အခြားသောမူဝါဒများတို့ဖြစ်သည်။