ကြက်ခြေနီက ဘာတွေ လုပ်ပေးလဲ ?
နိုင်ငံအတွင်း ကြက်ခြေနီကဆောင်ရွက်နေသည့် လုပ်ငန်းများမှာ –
• ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်း၊
• စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊
• သွေးသန့်သွေးလှူရှင် စုဆောင်းခြင်းနှင့် သွေးလှူဒါန်းခြင်း၊
• ကျန်းမာရေးမြှင့်တင်ပေးခြင်းနှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးလုပ်ငန်း၊
• ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်း၊
• မိသားစုပြန်လည်ဆက်သွယ်ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊
• ကြက်ခြေနီ အသိပညာပြန့်ပွားခြင်း စသည့် တို့ကိုအဓိကထား လုပ်ဆောင်ပေးလျက်ရှိသည်။
လက်ရှိအချိန်တွင်လည်း ကြက်ခြေနီစေတနာလုပ်အားရှင်များအနေနဲ့ နိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်အသီးသီး ရွေ့လျားရှေးဦးပြုစုခြင်းစခန်းငယ်များ ဖွင့်လှစ်ကာ ပြည်သူများ အတွက်ရှေးဦးပြုစုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးခြင်း၊ လိုအပ်ပါကနီးစပ်ရာ ဆေးရုံ ဆေးခန်းများသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးခြင်းစသည့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို အခြေခံမူများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ကြက်ခြေနီ၏ အကူအညီကို လိုအပ်နေသူ မည်သူ့ကိုမဆို ကြက်ခြေနီအခြေခံမူ နှင့်အညီ ကြက်ခြေနီတိုင်းကကူညီ ဆောင်ရွက်ပေးနေပါသည်။