ကြက်ခြေနီအမှတ်အသားကိုလွဲမှားစွာအသုံးပြုခြင်းသည်လက်နက်ကိုင်ပဋိပက္ခကာလများတွင်အမှတ်အသား၏ အကာအကွယ်ပေးနိုင်စွမ်းကို ယုတ်လျော့ ကျဆင်းစေပြီးအမှတ် အသား အပေါ် ထားရှိသည့် အလေးထား လေးစားမှုကိုထိခိုက်နိုင်ပါသည်။ လွဲမှားစွာ အသုံးပြုခြင်းကြောင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု ပေးနေသူများအား အသက်အန္တရာယ်ကျရောက်စေနိုင်သည့်အပြင် ကယ်ဆယ်ရေးအဖွဲ့များ၏ လုံခြုံဘေးကင်းစွာ သွားရောက်နိုင်မှုပါ ထိခိုက်စေနိုင်သည်။