-
ကျင့်ဝတ်စည်းကမ်း
မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျင့်ဝတ်စည်းကမ်း ၁။ နိဒါန်း မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူမှုပတ်ဝန်းကျင်တွင် ဘေးဒုက္ခများ နှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင်လည်းကောင်း၊ အေးချမ်းသာယာသည့် သာမာန် အခြေအနေများတွင်လည်းကောင်းယင်း ဘေးဒုက္ခများကို ကျော်လွှားလွန်မြောက်စေ လျက် ဘေးကင်းလုံခြုံသောမူလအခြေအနေကို ပြန်လည်ရောက်ရှိစေရန် စေတနာ့ လုပ်အားရှင်များဖြင့် အခြေပြုဖွဲ့စည်း ထားသော လူသားချင်းစာနာထောက်ထား သည့် အကူအညီများဆောင်ရွက်ပေးသည့် လူမှုဂရုဏာအဖွဲ့အစည်းဖြစ်သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် လူမှုပတ်ဝန်းကျင်အား အကူအညီများဆောင် ရွက်ပေးသည့်အခါ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ၏ အခြေခံမူ(၇)ချက်ကို အပြည့်အဝ လိုက်နာဆောင်ရွက်သည်။ ဤကျင့်ဝတ်စည်းကမ်းသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ဝန်ထမ်းများနှင့် စေတနာ့လုပ်အားရှင်များက ၄င်းတို့၏ တာဝန် များကိုထမ်းဆောင်ရာတွင်လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက်များ၊ ကြီးကြပ် သူများ၊ မိမိတို့ လက်အောက်ငယ်သားများ၊ အသင်းသို့ကုန်ပစ္စည်းများ နှင့်ဝန်ဆောင် မှုပေးသွင်းသူများ၊ အကျိုးခံစားခွင့်ရှိသူများနှင့် ပြည်သူလူထုများအား ဆက်ဆံရာ တွင် စံပြုပြုမူ နေထိုင်ရမည့်လမ်းညွှန်ဖြစ်သည်။…
-
မိတ်ဖက်အဖွဲ့အစည်းများ
IFRC Myanmar Delegation BACKGROUND The International Federation of Red Cross and Red Crescent Societies (IFRC) has been present in Myanmar since 1991, when it sent a relief delegate for fire relief operations in Meiktila, Mandalay Region. Following this successful partnership between the IFRC and Myanmar Red Cross Society (MRCS), an IFRC office was established in…
-
ဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှု
အထွေထွေညီလာခံသည် အသင်း၏ အမြင့်ဆုံးအုပ်ချုပ်ရေးအဖွဲ့ဖြစ်ပြီး သုံးနှစ်တစ်ကြိမ် ညီလာခံ ကျင်းပလေ့ရှိသည်။ ဗဟိုကောင်စီသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အုပ်ချုပ်ရေးတစ်စိတ် တစ်ပိုင်းဖြစ်ပြီး အဖွဲ့ဝင် ၆၃ ဦးပါဝင်ပြီး ၎င်းတို့အနက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ် ၁၇ ဦးပါဝင်သည်။ အုပ်ချုပ်ရေးအဖွဲ့ကို အမှုဆောင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ၅ ဦးမှာ အချိန်ပြည့်အမှုဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ပြီး အဖွဲ့အစည်း၏ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် ဝါဒများရေးဆွဲခြင်း၊ ညွှန်ကြားချက်နှင့် လမ်းညွှန်ချက်များ ချမှတ်ပေးသည်။ ရုံးချုပ်ဖွဲ့စည်းပုံကို ဌာန ၁၃ ၊ ယူနစ် ၂ ခုဖြင့် ဖွဲ့စည်းထားပါသည်။ ၎င်းတို့မှာ – ခေါင်းဆောင်မှု ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတင်တင်လေး အချိန်ပြည့် အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာဒေါ်မြသူ…
-
တိုင်းပြည်အခြေအနေ
၂၀၁၆ ကမ္ဘာ့ကုလသမဂ္ဂလူသားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်း ၁၈၈ နိုင်ငံအနက် ၁၄၅ ဆင့် လူဦးရေ ၅၃.၉ သန်း လူ့သက်တမ်း ၆၆.၁ နှစ် ပျမ်းမျှလူ့သက်တမ်း (ကျား) ၆၄ နှစ် ပျမ်းမျှလူ့သက်တမ်း (မ) ၆၈.၂ နှစ် မွေးဖွားနှုန်း ၁၆.၅ / လူဦးရေ ၁၀၀၀ လျှင် သေဆုံးနှုန်း ၈.၂၅/ လူဦးရေ ၁၀၀၀ လျှင် (၂၀၁၅ ခုနှစ်) မိခင်သေဆုံးနှုန်း ၁၇၈ ဦး/ ၁၀၀၀၀၀ လျှင် မွေးကင်းစကလေးသေဆုံးနှုန်း ၃၉.၅ ဦး/ ၁၀၀၀ ဦးလျှင ကျန်းမာရေးအခြေအနေ (Overall Health Status) မြန်မာနိုင်ငံ၏ ကျန်းမာရေးအညွှန်းကိန်းများ တိုးတက်လာသော်လည်း နေရာဒေသပေါ်မူတည်ပြီး ကျန်းမာရေးနှင့်အာဟာရဆိုင်ရာ ကွဲပြားခြားနားမှုများ ရှိနေဆဲဖြစ်ပါသည်။ အသက်…
-
(၂၀၂၁-၂၀၂၅) ပန်းတိုင်များနှင့်မဟာဗျူဟာ
၂၁ ရာစုတွင် လူမှုကရုဏာဆိုင်ရာ အခြေအနေပြောင်းလဲလာခြင်းနှင့်အတူ မြန်မာနိုင်ငံကြက်ခြေနီ အသင်းသည် (၂၀၂၁-၂၀၂၅) မဟာဗျူဟာတွင် လူထုအခြေပြု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးလုပ်ငန်းများကို ပိုမိုအလေးထားဆောင်ရွက်လာခဲ့သည်။ အရည်အချင်းပြည့်ဝသော စေတနာလုပ်အားရှင်များသည် ရပ်ရွာလူထုအား ၎င်းတို့ဒေသတွင်ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များနှင့် ၎င်းတို့၏ အားသာချက် များကို သတ်မှတ်သိရှိနိုင်စေရန် အကူအညီပေးသည်။ ထို့နောက် ရပ်ရွာလူထုအနေဖြင့် ရင်ဆိုင် ရသည့် အခက်အခဲများကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းနိုင်ရန်အတွက် လိုအပ်သော ကျွမ်းကျင်မှုများ ရရှိ လာစေရန် ကူညီပံ့ပိုးပေးသည်။ ကြက်ခြေနီအသင်းက ဆောင်ရွက်သည့် စီမံကိန်းတိုင်းသည် ရေရှည် တည်တံ့ရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးကို အလေးထား ဆောင်ရွက်လျက် ရှိသည်။မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၂၀၂၁-၂၀၂၅) မဟာဗျူဟာ ရည်မှန်းချက် အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ မဟာဗျူဟာ ရည်မှန်းချက်များနှင့် လုပ်ဆောင်ရန်အချက်များ မဟာဗျူဟာ ပန်းတိုင် ၁ ပိုမိုကျန်းမာလုံခြုံစေပြီး…
-
မျှော်မှန်းချက်၊ လုပ်ဆောင်ချက်နှင့် တန်ဖိုးထားမှုများ
ကျွန်ုပ်တို့၏ မျှော်မှန်းချက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ အဖွဲ့ဝင်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိ လူမှုကရုဏာဆိုင်ရာ အခြေအနေများအရနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၂၀၁၆-၂၀၂၀) မျှော်မှန်းချက်ကို ပြန်လည်ပြင်ဆင်ပြီး (၂၀၂၁-၂၀၂၅) ခုနှစ်မျှော်မှန်းချက်ကို ရေးဆွဲထားသည်။ “ ပြည်တွင်းပြည်ပရှိ အန္တရာယ်ကျရောက်လွယ်သူများအတွက် လူမှုကရုဏာအကူအညီများ ပေးနိုင်သည့် စွမ်းဆောင်ရည်ပြည့်ဝသော အမျိုးသားကြက်ခြေနီအသင်း ဖြစ်လာစေရန် ” လုပ်ဆောင်ချက် အသင်းခွဲအရင်းအမြစ်များနှင့် စေတနာလုပ်အားရှင်အသင်းဝင် ကွန်ယက်တို့သည် ရပ်ရွာ အခြေပြုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လူမှုကရုဏာတန်ဖိုးများကို ပြန့်ပွား စေခြင်းဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရပ်ရွာလူထုများ ဖြစ်လာစေရန်။ ဥပဒေပြဌာန်းချက်များအရ နိုင်ငံတော်၏ လူမှုကရုဏာ အခန်းကဏ္ဍတွင် အရန်အင်အားအဖြစ် ဆောင်ရွက်ရန်။ တန်ဖိုးထားမှုများနှင့် အခြေခံမူများ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၂၁ – ၂၀၂၀၅ ခုနှစ်အတွင်း လူမှုကရုဏာလုပ်ငန်းများကို အောက်ပါ တန်ဖိုးထားမှုများ…
-
သမိုင်းကြောင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံးနှင့် ဦးဆောင်ဦးရွက်ပြုနေသော လူမှုကရုဏာ အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ဘေးအန္တရာယ် ကျရောက်လွယ်ဆုံးသူများ၏ ကျန်းမာရေးနှင့် ပိုမိုကောင်းမွန်သောဘဝများအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကြက်ခြေနီလုပ်ငန်းများကို ၁၉၂၀ ခုနှစ်မှစတင်ကာ အိန္ဒိယနိုင်ငံကြက်ခြေနီ အသင်း၏ အသင်းခွဲအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၃၇ ခုနှစ်တွင် ဗမာနိုင်ငံ ကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)က အသိအမှတ်ပြုခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (ဖက်ဒရေးရှင်း) ၏ အသင်းဝင် ဖြစ်လာခဲ့သည်။နိုင်ငံတော်အစိုးရသည် ဗမာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေကို ၁၉၅၉ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး အမြဲတမ်းလူမှုကရုဏာအသင်းအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အဆိုပါ အက်ဥပဒေကို ၁၉၆၄ ခုနှစ်၊…