Category: Home

  • ကြက်ခြေနီအမှတ်အသားကို လွဲမှားစွာ အသုံးမပြုရန်မည်သူတို့တွင် တာဝန်ရှိသလဲ?

    ကြက်ခြေနီအမှတ်အသားနှင့် ယင်းတို့၏ အကာအကွယ်ပေးမှုကို တစ်ကမ္ဘာလုံးက အလေးထားလေးစားကြစေရန်အတွက်ကြက်ခြေနီအမှတ်အသားအသုံးပြုခြင်းကို စည်းကမ်းသတ်မှတ်ပေးရန်၊ အမှတ်အသားကို တလွဲအသုံးပြုခြင်းမှ ကြိုတင်ကာကွယ်တားဆီးရန်နှင့် တလွဲသုံးသူများအား ပြစ်ဒဏ်ပေးရန် ရည်ရွယ်ချက်ဖြင့် ၁၉၄၉ ခုနှစ် ဂျီနီဗာ သဘောတူညီချက် များကို လက် မှတ်ရေးထိုးထားသည့် စာချုပ်ဝင် နိုင်ငံတိုင်းကပြည်တွင်းဥပဒေ ပြဋ္ဌာန်းပေးရန် တာဝန်ရှိသည်။အစိုးရကပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများနှင့် ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းများအား ကြက်ခြေနီအမှတ်အသားကိုစနစ်တကျ အသုံးပြုရေး နှင့်စပ်လျဉ်း၍ အသိပေးရန် ဆောင်ရွက်ရမည်ဖြစ်ပြီး အမျိုးသားကြက်ခြေနီအသင်း ဘက်ကလည်း ကြက်ခြေနီအမှတ်အသားကို စနစ် တကျ အသုံး ပြုကြစေရန် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည်။

  • ကြက်ခြေနီ ဘယ်အချိန်မှာ အလုပ်လုပ် သလဲ ?

    ကြက်ခြေနီသည် စစ်မ က် ပဋိပက္ခ၊ အကြမ်းဖက်မှု၊ သဘာဝဘေး စသည့် မည်သည့် ဘေးအန္တရာယ်မျိုးကိုမဆို ကြုံတွေ့ချိန်တိုင်းတွင် ချမှတ်ထားသည့် အခြေခံမူများ၊ စည်းမျဉ်း စည်းကမ်းများ၊ ဥပဒေနှင့် မူဝါဒများ၊ နိုင်ငံတကာ ကြက်ခြေနီဆိုင်ရာ ဥပဒေများနှင့် အညီ လူသားချင်း စာနာထောက်ထားမှုအကူအညီများကို လုပ်ဆောင်ပေးလျက်ရှိပါသည်။ကြက်ခြေနီသည် ဘေးဒုက္ခကျရောက် မှ ကူညီသည့် အဖွဲ့အစည်း မဟုတ်ဘဲ လိုအပ်သည့် အကူအညီများကို အမြဲအဆင်သင့် ကူညီနိုင်ရန် ပုံမှန်အချိန်များတွင် လိုအပ်သည့်ဘေးအန္တရာယ်ဆိုင်ရာသင်တန်းများ၊ အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများ၊ စွမ်းဆောင်ရည်မြှင့် သင်တန်းများနှင့် ကြက်ခြေနီလှုပ်ရှားမှုအကြောင်းတို့ကို အများသိအောင်ဆောင်ရွက်ခြင်း စသည့်ကိစ္စရပ်များကို အချိန်နှင့်တပြေးညီကြိုတင်ပြင်ဆင် လုပ်ဆောင်နေကြသူများ ဖြစ်သည်။

  • ကြက်ခြေနီ အခြေခံမူတွေက ဘာတွေလဲ ?

    ကြက်ခြေနီအခြေခံမူ(၇)ချက်ရှိသည်။ လူသားချင်းစာနာထောက်ထားခြင်း မူသည် – လူသားတို့၏အသက်နှင့်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်မှုပေးရန်နှင့် လူသားတိုင်းကို အလေးထား လေးစားစေပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မှု၊ ရင်းနှီးချစ်ကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေး အဓွန့်ရှည် တည်တံ့မှု တို့ကိုမြင့်မားလာစေမည့် အဓိပ္ပါယ်ကို ဆိုလိုသည်။ ခွဲခြားခြင်း မရှိခြင်း မူသည် -ကြက်ခြေနီ၏ ဆောင်ရွက်မှုတိုင်းတွင်နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စသည့် ယုံကြည်မှု၊ အဆင့်အတန်း၊ ခံယူချက်တို့နှင့် စပ်လျဉ်း၍ ခွဲခွဲခြားခြား မပြုလုပ်ရပါ။ လူတစ်ဦးချင်းစီ၏ လိုအပ်ချက်ကို အဓိက စဉ်းစားကာထိုသူတို့၏ ဆင်းရဲဒုက္ခကို နည်းပါးသက်သာစေရန် ကြိုးပမ်းခြင်းနှင့် ဒုက္ခရောက်သူများအနက် အရေးကြီးဆုံးနှင့်အဆောတလျင် အကူအညီ လိုအပ်နေသူများကို ဦးစားပေး ဆောင်ရွက်ရမည်ကို ဆိုလိုသည်။ ကြားနေခြင်း မူသည် -လူတိုင်း၏ စိတ်ချယုံကြည်မှုကို အမြဲတစေ ဆက်လက်ရရှိနိုင်စေရန် ကြက်ခြေနီသည်…

  • ကြက်ခြေနီဆိုတာဘာလဲ

    ကြက်ခြေနီဆိုတာ ဆင်းရဲဒုက္ခခံစားးရသူများနှင့် အကူအညီအဆောတလျင် လိုအပ်နေသူများအား ခွဲခြားခြင်း မရှိဘဲကြားနေကာ လူသားချင်းစာနာထောက်ထားသော စိတ်ဓါတ်ဖြင့် ကိုယ်ကျိုးမဖက် အများအကျိုးအတွက် စိတ်ရင်းစေတနာဖြင့် ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်ကူညီပေးနေကြသူများကို ကိုယ်စားပြု ခေါ်ဆိုခြင်းဖြစ်သည်။

  • What does the Red Cross do?

    ကြက်ခြေနီက ဘာတွေ လုပ်ပေးလဲ ? နိုင်ငံအတွင်း ကြက်ခြေနီကဆောင်ရွက်နေသည့် လုပ်ငန်းများမှာ – • ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်း၊ • စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ • သွေးသန့်သွေးလှူရှင် စုဆောင်းခြင်းနှင့် သွေးလှူဒါန်းခြင်း၊ • ကျန်းမာရေးမြှင့်တင်ပေးခြင်းနှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးလုပ်ငန်း၊ • ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်း၊ • မိသားစုပြန်လည်ဆက်သွယ်ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ • ကြက်ခြေနီ အသိပညာပြန့်ပွားခြင်း စသည့် တို့ကိုအဓိကထား လုပ်ဆောင်ပေးလျက်ရှိသည်။ လက်ရှိအချိန်တွင်လည်း ကြက်ခြေနီစေတနာလုပ်အားရှင်များအနေနဲ့ နိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်အသီးသီး ရွေ့လျားရှေးဦးပြုစုခြင်းစခန်းငယ်များ ဖွင့်လှစ်ကာ ပြည်သူများ အတွက်ရှေးဦးပြုစုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးခြင်း၊ လိုအပ်ပါကနီးစပ်ရာ ဆေးရုံ ဆေးခန်းများသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးခြင်းစသည့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို အခြေခံမူများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ကြက်ခြေနီ၏ အကူအညီကို လိုအပ်နေသူ မည်သူ့ကိုမဆို…